၂၈ စက်တင်ဘာ
အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်း၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားသူပေါင်း ၆၀၇၄၇၀၂ ထိ ရောက်ရှိသွားပြီဖြစ်ပြီး ကူးစက်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၉၅၅၄၂ ဉီးအထိ ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် သတင်း အချက်အလက်များအရ သိရသည်။
အိန္ဒိယနိုင်ငံ၌ ကူးစက်မှုအသစ် ၈၂၁၇၀ ခုတွေ့ရှိခဲ့ပြီးနောက် ၂၄ နာရီအတွင်း သေဆုံးသူစုစုပေါင်း ၁၀၃၉ ဉီးရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင်း ကူးစက်မှုမှာ ၉၆၂၆၄၀ ခုရှိခဲ့ပြီး၊ လူပေါင်း ၅၀၁၆၅၂၀ မှာ အခြေအနေပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။
အိန္ဒိယနိုင်ငံတွင်း ကိုဗစ်-၁၉ စစ်ဆေးမှု စုစုပေါင်း ၇၁၉၆၇၂၃၀ ပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့ အတွင်း၌လည်း စစ်ဆေးမှုပေါင်း ၇၀၉၃၉၄ မှု စစ်ဆေးခဲ့ကြောင်း အိန္ဒိယဆေးဘက်ဆိုင်ရာ သုတေသနကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
