နယူးဒေလီ အောက်တိုဘာ ၂၄
အိန္ဒိယနိုင်ငံ၏ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၃၄ ဦးထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄၄၆၄၄၀၇၆ ဦးရှိလာကြောင်း သိရသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာပေါင်း ၂၃၁၉၃ ဦးရှိကြောင်းသိရသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၆ ဦးထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၈၉၇၇ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၁၅၅၇ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ရောဂါမှပြန်လည်ကျန်းမာလာသူပေါင်း ၄၄၀၉၁၉၀၆ ဦးရှိလာကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၁၉၅၆၄၁၈၀၇ လုံးအသုံးပြုပြီးဖြစ်ကြောင်းနှင့် လက်ရှိအချိန်ထိ ပြည်သူကိုးသန်းနီးပါးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေး ပြီးဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ကိုးကား- ဆင်ဟွာ၊
ဘာသာပြန်- အလင်းသစ်