ဇူလိုင် ၂၁
အိန္ဒိယနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၀၀၀ ကျော်အထိ မြင့်တက်လာသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ယနေ့မနက် ထုတ်ပြန်ချက်အရ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၅၆၆ ဦး ရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၃၈၂၅၁၈၅ ဦး ရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၅၂၅၈၇၀ ရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၃၁၅၀၄၃၄ ဦး ရှိသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံတွင် ဇူလိုင် ၁၇ ရက်အထိ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၂ ဘီလီယံရှိပြီး ယနေ့မနက်ပိုင်းအထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူ ၂၀၀၉၁၉၁၉၆၉ ဦးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို