နယူးဒေလီ အောက်တိုဘာ ၁၆

 

အိန္ဒိယနိုင်ငံ၏ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၀၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄၄၆၂၈၈၂၈ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။

 

လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာပေါင်း ၂၆၆၂၅ ဦးရှိကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၈၈၉၅ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၂၃၇၃ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၄၄၀၇၃၃၀၈ ဦးရှိလာကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၂၁၉၃၂၁၈၆၃၈ လုံး အသုံးပြုပြီးဖြစ်ကြောင်းနှင့် လက်ရှိအချိန်ထိ ပြည်သူ ၈၉၈ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီးဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်