အောက်တိုဘာ ၁၃
အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၈၆ ဦး ထပ်မံတွေ့ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၄၆၂၁၃၁၉ ဦးအထိ ရှိလာသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၆၅၀၉ ဦးရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံအတွင်း လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၂ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၅၂၈၈၄၇ ဦးရှိလာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၀၆၅၉၆၃ ဦးရှိကြောင်း ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင် ယနေ့အထိ လူပေါင်း ၈၉၇ သန်းအား ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီး ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို