မေ ၂
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၅၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၄၃၀၈၂၃၄၅ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံအတွင် ကိုဗစ်ရောဂါနေ့စဉ်ကူးစက်ခံရသူဦးရေ ၃၀၀၀ ကျော်ရှိလာသည်မှာ ငါးရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။
ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေဆဲလူနာ ၅၉၉၇ ဦးရှိကြောင်းနှင့် ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၆ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၅၂၃၈၆၉ အထိ ရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၉၅၀၀ ရှိသည်။ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူ ၄၂၅၃၈၉၇၆ ဦး ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို