နယူးဒေလီ နိုဝင်ဘာ ၂၅

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၂၈၃ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၃၄၅၃၅၇၆၃ ဦးအထိ မြင့်တက်လာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးရကိန်းဂဏန်းများအရ သိရသည်။

 

၄၃၇ ဦး ထပ်မံသေဆုံး

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၄၃၇ ဦး ထပ်မံသေဆုံးခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါရောဂါကြောင့် သေဆုံးသူ ပေါင်း ၄၆၆၅၈၄ ဦး ရှိလာသည်။

 

လက်ရှိအချိန်အထိ ပိုးတွေ့ဆဲလူနာ ၁၁၁၄၈၁ ဦးရှိကြောင်း သိရသည်။

 

သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်လူနာ ၁၀၉၄၉ ဦးရောဂါမှ ပြန်လည်ကျန်းမာလာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူပေါင်း ၃၃၉၅၇၆၉၈ ဦးရှိကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်