နယူးဒေလီ   ဖေဖော်ဝါရီ   ၄

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၂၄၃၃ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄၁၈၀၃၃၁၈ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀၀၈ ဦး ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၉၈၉၈၃ ဦးရှိလာကြောင်း သိရ သည်။ အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိဆဲလူနာ စုစုပေါင်း ၁၅၃၃၉၂၁ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၅၉၁၀၇ ဦးရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၃၉၇၇၀၄၁၄ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်