နယူးဒေလီ နိုဝင်ဘာ ၉

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်၁၉ ရောဂါကူးစက်ခံရသူ ၁၁၄၅၁ ဦးရှိခြင်းကြောင့် လက်ရှိတွင် ကူးစက်ခံရသူပေါင်း ၃၄၃၆၆၉၈၇ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

 

ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၆၆ ဦး ထပ်တိုးလာခြင်းကြောင့် သေဆုံးသူပေါင်း ၄၆၁၀၅၇ ဦးရှိလာကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲ လူနာစုစုပေါင်း ၁၄၂၈၂၆ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၃၂၀၄ ဦးရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူပေါင်း ၃၃၇၆၃၁၀၄ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်