ဇန်နဝါရီ ၂၆

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၅၉၁၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၄၀၀၈၅၁၁၆ ကျော်ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။

 

အဆိုပါ ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ၆၆၅ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၄၉၁၁၂၇ ဦးအထိ မြင့်တက်လာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါလက်ရှိဖြစ်ပွားဆဲလူနာ ၂၂၂၃၀၁၈ ဦးရှိသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၉၉၀၇၃ ဦးအပါအဝင် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံများမှဆင်းသွားသူပေါင်း ၃၇၃၇၀၉၇၁ ဦးအထိ ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို