နယူးဒေလီ ဇန်နဝါရီ ၁၂
အိန္ဒိယနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းများ၊ အသက် ၆၀ အထက်ရှိသူများနှင့် အခြားသော ကျန်းမာရေး ပြဿနာရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်အပိုဆောင်း ထိုးနှံမှုကို ဇန်နဝါရီ ၁၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးနောက် ဇန်နဝါရီ ၁၀ ရက်တွင် ကိုးလကြာမြင့်ပြီး ဖြစ်မည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုခံယူရန်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက တောင်းဆိုခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ ဇန်နဝါရီ ၁၁ ရက်တစ်ရက်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၈၀၀၀ ကျော် ထပ်မံတွေ့ရှိခဲ့ပြီး ယင်းကူးစက်ခံရသူ အများစုမှာ နယူးဒေလီနှင့် မွမ်ဘိုင်းကဲ့သို့သော မြို့ကြီးများမှဖြစ်ကြောင်း သိရသည်။ အဆိုပါ နယူးဒေလီနှင့် မွမ်ဘိုင်းမြို့များတွင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများလည်း ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်