အောက်တိုဘာ ၃

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၂၈ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၅၂၈၇၀၁ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀၁၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၅၉၇၄၉၈ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာန၏ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၂ ရက်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၃၇၅ ဦးရှိခဲ့ရာ ယနေ့တွင်ရောဂါကူးစက်မှုအရေအတွက် လျော့ကျလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၃၆၁၂၆ ဦးရှိသည်ဟု သိရသည်။
ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၀၃၂၆၇၁ ဦးရှိကြောင်း ထိုဝန်ကြီးဌာနကပြောကြားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို