မတ် ၁၈
အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၂၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၃၀၀၄၀၀၅ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၄၉ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၅၁၆၂၈၁ ဦး ရှိလာသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၂၉၁၈၁ ဦးရှိသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၃၉၉၇ ဦးရှိပြီး ယနေ့အထိ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံများမှဆင်းသွားသူပေါင်း ၄၂၄၅၈၅၄၃ ဦးအထိရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို