အောက်တိုဘာ ၃၁

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၂၆ ဦးထပ်မံတွေ့ရှိခဲ့ရာ ထိုရောဂါနေ့စဉ်ကူးစက်မှုအရေအတွက် ကျဆင်းလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၄၄၆၅၃၅၉၂ ဦးအထိ ရှိလာသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၇၉၁၂ ဦးရှိကြောင်း ထိုဝန်ကြီးဌာနကဖော်ပြထားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် ရှစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် နိုင်ငံအတွင်း သေဆုံးသူပေါင်း ၅၂၉၀၂၄ ဦးအထိ ရှိလာသည်။

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၁၀၆၆၅၆ ဦးရှိလာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို