အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၂၉ ဦး ထပ်မံတွေ့ရှိ

မေ ၁၈

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၂၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါငး ၄၃၁၂၇၁၉၉ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၃ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း  ၅၂၄၂၉၃ ဦးအထိ ရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၅၆၄၇ ဦး ရှိသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများသည် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၂၅၈၇၂၅၉ ဦးအထိ ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို