အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၂၅၄ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၁၃

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၂၅၄ ဦးထပ်မံတွေ့ရှိခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၃၃၂၆၄၁၇၅ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ၂၁၉ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၄၄၂၈၇၄ ဦးအထိ ရှိလာသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ လူနာ ၃၇၆၈၇ ဦး ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့သည်။

ယနေ့အထိ ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီး ဆေးရုံများမှဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ လူနာစုစုပေါင်း  ၃၂၄၄၇၀၃၂ ဦးရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို