နိုဝင်ဘာ ၂၂

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၉၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လွန်ခဲ့သောရက်က ထိုရောဂါကူးစက်ခံရသူ ၄၀၆ ဦးတွေ့ရှိခဲ့ရာ ကူးစက်မှုအရေအတွက် လျော့နည်းလာခြင်းဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါဖြစ်ပွားဆဲလူနာ ၆၂၀၉ ဦး ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါရောဂါကူးစက်မှုနှင့်ဆက်စပ်သေဆုံးသူ ငါးဦးရှိသဖြင့် နိုင်ငံအတွင်း သေဆုံးသူပေါင်း ၅၃၀၅၉၁ ဦးရှိလာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

ထိုရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းခွင့်ရရှိသူပေါင်း ၄၄၁၃၂၉၁၅ ဦးရှိလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို