နိုဝင်ဘာ ၁၈

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၅၄ ဦး ထပ်မံတွေ့ရှိကြောင်း တာဝန်ရှိသူများကပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ လွန်ခဲ့သောရက်က ၆၂၆ ဦးတွေ့ရှိရာမှ ထိုရောဂါကူးစက်မှုအရေအတွက် မြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါဖြစ်ပွားဆဲလူနာ ၇၀၃၄ ဦးရှိကြောင်း ထိုဝန်ကြီးဌာနက ယနေ့မနက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံအတွင်း ထိုရောဂါကူးစက်မှုနှင့်ဆက်စပ်သေဆုံးသူ ခုနစ်ဦးရှိသဖြင့် ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၅၃၀၅၅၃ ဦးရှိလာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

အဆိုပါရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၁၃၀၃၈၀ ရှိလာကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို