အိန္ဒိယနိုင်ငံ၌ လာမည့်ငါးရက်အတွင်းအပူလှိုင်းဖြစ်နိုင်ဖွယ်ရှိ

ဇွန် ၁၁

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့်အနောက်မြောက်ပိုင်းတွင် လာမည့်ငါးရက်အတွင်း ပြင်းထန်သောအပူလှိုင်းအခြေအနေများ ဖြစ်နိုင်ဖွယ်ရှိကြောင်း မိုးလေဝသဌာနက ယမန်နေ့ကပြောကြားသည်။

အပူလှိုင်းဖြစ်နိုင်ဖွယ်ရှိသည့်ဒေသများတွင် ဘီဟာပြည်နယ်၊ အနောက်ဘန်ဂေါ၊ ဉတ္တရာပရာဒေ့ရှ်နှင့် Jharkhand ပြည်နယ်တို့ပါဝင်သည်ဟု  မိုးလေဝသဌာန၏ပြောကြားချက်အရ သိရသည်။

မဒရာပရာဒေ့ရှ်၊ ဟာရာနာ၊ ဘီဟာ၊ ဂူဂျာရတ်၊ ဒေလီနှင့် ဉတ္တရာပရာဒေ့ရှ်၏ ဒေသအများအပြားတွင် ဇွန်လ ၉ ရက်က အမြင့်မားဆုံးအပူချိန် ၄၂ မှ ၄၅ ဒီဂရီစင်တီဂရိတ်ရှိကြောင်း မိုးလေဝသဌာနက ပြောကြားသည်။

၎င်းဒေသများတွင် သာမန်ထက် အပူချိန် ၂ မှ ၄ ဒီဂရီစင်တီဂရိတ်ရှိကြောင်းနှင့် ယမန်နေ့က အရှေ့ဉတ္တရာပရာဒေ့ရှ် Prayagraj တွင် ယမန်နေ့က အပူချိန်အမြင့်မားဆုံး ၄၅ ဒသမ ၉ ဒီဂရီစင်တီဂရိတ်ရှိကြောင်း သိရသည်။

ဧပြီလမှမေလအတွင်း အပူချိန်မြင့်မားပြီး မတ်လမှမေလအတွင်း အပူချိန်မြင့်မားမှုကြောင့်  ၅၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၅၀၀၀ နီးပါး အပူလျှပ်မှုဒဏ်ခံစားရသည်ဟု ယူဆရကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ယခုလအစောပိုင်းက ပြောကြားသည်။

ရေကိုလုံလောက်စွာသောက်သုံးရန်၊ ပြင်းထန်သောအပူဒဏ်ကိုရှောင်ရှားရန်နှင့် အေးမြသောနေရာများတွင်နေထိုင်ရန် မိုးလေဝသဌာနက အကြံပြုပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို