နယူးဒေလီ ၂၅ ဖေဖော်ဝါရီ
အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂါလူယူးမြို့ရှိ လေတပ်အခြေစိုက်စခန်းတစ်ခု၌ ဖေဖော်ဝါရီ ၂၄ ရက်က အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲတစ်ခု ပြုလုပ်နေစဉ် မြက်ခြောက်များမှ မီးလောင်မှုဖြစ်ပွားပြီး မော်တော်ယာဉ် ရပ်နားကွင်းအတွင်းရှိ မော်တော်ယာဉ်များကို ကူးစက်လောင်ကျွမ်းခဲ့ရာ ယာဉ်အစီးရေ ၃၀ဝ နီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း၊ ယင်းမီးလောင်မှုကြောင့်လူတစ်ဦးမျှ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း မီးသတ်တပ်ဖွဲ့က ပြောကြားသည်။
လေကြောင်းပြပွဲတွင် ပါဝင်ပြသသည့် ကမ္ဘာတစ်ဝန်းမှ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ လေယာဉ်စင်းရေ ၁၀ဝ ခန့်မှာ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ပျက်စီးခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ယင်းလေကြောင်းပြပွဲတွင် လေယာဉ်အလှပြ ပျံသန်းရန်လေ့ကျင့်နေသည့် အိန္ဒိယလေတပ်မှ လေယာဉ်နှစ်စင်း ဝေဟင်အတွင်း တိုက်မိရာမှ ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ရသည်။
အင်န်အိတ်ချ်ကေ