မေ ၈

 

အိန္ဒိယနိုင်ငံတွင် လှေတစ်စင်းတိမ်းမှောက်မှုကြောင့် လူ ၂၁ ဦးထက်မနည်းသေဆုံးခဲ့သည်။

 

အဆိုပါလှေတိမ်းမှောက်မှုသည် အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် မာလတ်ပါရမ်ခရိုင် တာနာမြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ထိုလှေသည် ခရီးသည်ဦးရေ ၄၀ ခန့်တင်ဆောင်လာကြောင်းနှင့် လူအပြည့်တင်ဆောင်လာခြင်းကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းအေဂျင်စီက ဖော်ပြထားသည်။

 

လှေတိမ်းမှောက်မှုတွင် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်သည်ဟု ထိုအေဂျင်စီကဆိုသည်။ တိမ်းမှောက်သွားသောလှေသည် ရွှံ့ရေထဲတွင်နစ်မြုပ်နေပြီးအထဲတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရန် လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို