ဇွန် ၁၈
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မြစ်ရေကြီးမှုကြောင့် ခရီးသည်ကိုးဦးလိုက်ပါလာသော ကားတစ်စီးမျောပါသွားခဲ့ပြီးနောက် လေးဦးထက်မနည်းသေဆုံးပြီး အခြားသုံးဦး ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ယနေ့တွင်ပြောကြားသည်။ နှစ်ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
အဆိုပါကားသည် ဂူဂျာရတ်ပြည်နယ် မြို့တော် ဂန်ဟင်နာဂါ၏အနောက်တောင်ဘက် ၁၇၄ ကီလိုမီတာအကွာရှိ မြစ်အတွင်း ရေစီးဖြင့်မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဂူဂျာရတ်ပြည်နယ်နေရာအနှံ့အပြားတွင် ယမန်နေ့က မိုးများသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြစ်ရေမြင့်တက်ခဲ့သည်ဟု သိရသည်။
နှစ်စဉ်နှစ်တိုင်း အိန္ဒိယပြည်နယ်အများအပြားတွင် မုတ်သုံမိုးများသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူများပြားပြီး အခြေခံအဆောက်အအုံများပျက်စီးလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို