စက်တင်ဘာ ၉

အိန္ဒိယနိုင်ငံတွင် မျောက်ကျောက်သံသယလူနာတစ်ဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါမျောက်ကျောက်သံသယလူနာသည် လူငယ်အမျိုးသားတစ်ဦးဖြစ်ပြီး လတ်တလောမျောက်ကျောက် ရောဂါကူးစက်မှုဖြစ်ပွားသော နိုင်ငံတစ်နိုင်ငံမှ မကြာသေးမီက ခရီးထွက်ခွာလာခြင်းဖြစ်သည်ဟု သိရသည်။ ထိုလူနာသည် လတ်တလောတွင် ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး ဆေးရုံတွင် သီးသန့်ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့်ကူးစက်တတ်သောရောဂါဖြစ်ပြီး ဖျားနာမှုအပါအဝင် အရည်ကြည်ဖုများပေါက်လေ့ရှိသည်ဟု သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါသည် နိုင်ငံတကာသို့ ကူးစက်ဖြစ်ပွားနေသည့် အလားအလာများ ဖြစ်ပေါ်နေခြင်းကြောင့် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ် ဩဂုတ်လလယ်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို