ဇန်နဝါရီ ၃၀

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် ယမန်နေ့က မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ယာဉ်အစီးရေ ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းမီးသတ်ဌာန၏တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ထိုမီးလောင်မှုတွင် ဒဏ်ရာရရှိသူတစ်ဦးတစ်ယောက်မျှမရှိသော်လည်း လေးဘီးတပ်ယာဉ်အစီးရေ ၂၀၀နှင့် နှစ်ဘီးတပ်ယာဉ်အစီးရေ ၂၅၀ လုံးဝပျက်စီးသွားသည်ဟုသိရသည်။ မြို့တော်ဒေလီမြောက်ပိုင်း Wazirabad ဒေသရှိ  malkhana ရဲဌာန၏ ဂိုဒေါင်တစ်လုံးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဂိုထောင်တွင် ယာဉ်မတော်တဆမှုနှင့်ယာဉ်စည်းကမ်းချိုးဖောက်မှုများကြောင့် ဖမ်းဆီးသိမ်းဆည်းထားသော ယာဉ်များထားရှိ ခြင်းဖြစ်သည်ဟု သိရသည်။ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းကိုမူ မသိရှိရသေးပေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို