ဖေဖော်ဝါရီ ၁၉
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၀ ထက်မနည်းသေဆုံးပြီး အခြားကိုးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။ အဆိုပါပေါက်ကွဲမှုသည် တမီးလ်နာဒူပြည်နယ်၏မြို့တော် ချန်နိုင်၏အနောက်တောင်ဘက် ၅၆၉ ကီလိုမီတာအကွာ Virudhunagar ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမီးရှူးမီးပန်းစက်ရုံ၏ဓာတုပစ္စည်းရောစပ်ခန်းအတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် စက်ရုံ အလုပ်သမားများ ထိခိုက်ဒဏ်ရာရသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ဒဏ်ရာရရှိသူများကို အစိုးရဆေးရုံသို့ပို့ဆောင် ပေးခဲ့သည်ဟု သိရသည်။ ၎င်းပေါက်ကွဲမှုကြောင့် စက်ရုံလုံးဝပျက်စီးသွားကြောင်း မီဒီယာက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို