ဇူလိုင် ၆

အိန္ဒိယနိုင်ငံအရှေ့ပိုင်းဘီဟာပြည်နယ်တွင် မိုးကြိုးပစ်မှုနှင့် မိုးနှင့်ဆက်စပ်သည့်မတော်တဆဖြစ်မှုများကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အခြားလူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလွှင့် အောအိန္ဒိယရေဒီယို (အေအိုင်အာ)က ယမန်နေ့က ပြောကြားသည်။

အဆိုပါဒေသရှိ နေရာအနှံ့အပြားတွင် ဇူလိုင်လ ၄ ရက်က မိုးကြိုးပစ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးသက်မုန်တိုင်းများ တိုက်ခတ်ခြင်းတို့ဖြစ်ပွားခဲ့သည်။

ထိုမိုးကြိုးပစ်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူအများစုသည် မိုးကြိုးပစ်ချိန်တွင် လယ်ကွင်းများ၌အလုပ်လုပ်ကိုင်နေသော လယ်သမားများဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

မိုးလေဝသဌာနက ထိုပြည်နယ်ရှိနေရာအသီးသီးတွင် လာမည့်ငါးရက်တာကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ပွားမည်ဟု ခန့်မှန်းပြောကြားထားသည်။

နိုင်ငံတစ်ဝန်းတွင် ၂၀၂၂ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ၉၀၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို