ဇူလိုင် ၂၀

အိန္ဒိယနိုင်ငံရှိ ပြည်နယ်အများအပြားတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စာသင်ကျောင်းများနှင့် အခြားသော ပညာရေးဆိုင်ရာတက္ကသိုလ်များ ပိတ်ထားရကြောင်း ဒေသတွင်းအစိုးရအဖွဲ့များက ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တောင်ပိုင်း တီလန်ဂါနာပြည်နယ်၊ အနောက်တောင်ပိုင်း မာဟာရတ်ထရာပြည်နယ်ရှိ ခရိုင်အများအပြားတို့တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းခဲ့ပြီး လာမည့်နှစ်ရက်တွင်လည်း ဆက်လက်ရွာသွန်းမည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။

တီလန်ဂါနာပြည်နယ်အစိုးရအဖွဲ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းရှိ ပညာရေးဆိုင်ရာ စာသင်ကျောင်းများအား ယနေ့မှစတင်၍နှစ်ရက်ကြာ ကျောင်းပိတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ပြည်နယ်ပညာရေး ဝန်ကြီးက တွစ်တာတွင် ရေးသားထားသည်။

ဟိုင်မာချယ်ပရာဒေ့ပြည်နယ်ရှိ စာသင်ကျောင်းများအားလုံးနှင့် ပညာရေးဆိုင်ရာတက္ကသိုလ်ကျောင်းများကို ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အထိ ပိတ်ထားမည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူများ ပိုမိုများပြားလာရာ မြို့တော်မွမ်ဘိုင်းနှင့် ဆက်စပ်ဒေသများ၊ရိုင်ဂတ်ခရိုင်၊ မာဟာရတ်ထရာပြည်နယ်ရှိ စာသင်ကျောင်းများနှင့် အခြားသော ပညာရေးဆိုင်ရာတက္ကသိုလ်ကျောင်းများ ပိတ်ထားရသည်ဟု သိရသည်။

ရိုင်ဂတ်ခရိုင်တွင် မြေပြိုမှုဖြစ်ပွားသဖြင့် ငါးဦးထက်မနည်းသေဆုံးခဲ့ပြီး လူအများအပြား ပိတ်မိနေသဖြင့် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို