မတ် ၂၄

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ယမန်နေ့က သုံးထပ်အဆောက်အဦတစ်လုံးပြိုကျမှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး အခြားခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါအဆောက်အဦသည် အန်ဒရာပရာဒေ့ရှ်ပြည်နယ် လူဦးရေအထူထပ်ဆုံးမြို့ ဗီရှာခါပတ်နမ်ရှိ ရာမာဂျိုဂီဒေသတွင် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုအဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်အဖွဲ့က  အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်မှု လုပ်ဆောင်ရန် ရဲတပ်ဖွဲ့နှင့်ကယ်ဆယ်ရေးအဖွဲ့အား ယင်းနေရာသို့စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က ၎င်းအဆောက်အဦပြိုကျမှုနှင့်ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုလုပ်ဆောင်ခဲ့သည်။

ထိုအဆောက်အဦပြိုကျမှုတွင် ကနဦးစစ်ဆေးတွေ့ရှိချက်အရ  အဆောက်အဦနှင့် ကပ်လျက်ရှိမြေကို ဆောက်လုပ်ရေး လုပ်ငန်းလုပ်ဆောင်ရန် တူးဖော်ခဲ့သဖြင့် ယင်းအဆောက်အဦ အခြေခံအုတ်မြစ်ခိုင်မာမှုအားနည်းလာခြင်းဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို