နိုဝင်ဘာ ၁၀

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၁၂၆ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၃၄၃၈၈၅၇၉ ဦးအထိ မြင့်တက် လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၄၆၀ ရှိသဖြင့် သေဆုံးသူပေါင်း ၄၆၁၈၄၉ ဦးအထိ ရှိလာသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါလက်ရှိ ဖြစ်ပွားနေဆဲလူနာ ၁၃၉၆၈၃ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

နိုင်ငံ၏ ၂၆၄ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အနည်းဆုံးဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ဆေးကုသမှုခံရယူကာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူပေါင်း ၃၃၇၈၇၀၄၇ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို