မတ် ၁၁

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၄၁၉၄ ဦးထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၄၂၉၈၄၂၆၁ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

 

ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ၂၅၅ ဦး ထပ်မံသေဆုံးပြီး သေဆုံးသူပေါင်း ၅၁၅၇၁၄ ဦး ရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၄၂၂၁၉ ဦးရှိရာ ရောဂါကူးစက်ခံရသူအရေအတွက် လျော့ကျလာသည်မှာ ၄၆ ရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။

 

တစ်ရက်အတွင်း ဆေးရုံများမှဆင်းလာသူ ၆၂၀၈ ဦးရှိပြီး ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်းမှာ ယနေ့အထိ ၄၂၄၂၆၃၂၈ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို