ဇန်နဝါရီ ၁၃
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၇၄၁၇ ဦး ရှိသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၆၃၁၇၉၂၇ ဦးအထိမြင့်တက်လာသည်ဟု ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တစ်ရက်အတွင်း ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူဦးရေ နှစ်သိန်းကျော်ရှိရာ ရှစ်လအတွင်း ကူးစက်မှုအများဆုံးဖြစ်သည့် ပထမဆုံးနေ့ဖြစ်လာသည်။
အဆိုပါရောဂါကူးစက်ဖြစ်ပွားမှုကြောင့် လူ ၃၈၀ သေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၈၅၀၃၅ ဦးအထိ ရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၁၁၁၇၅၃၁ ဦးရှိသည်ဟု သိရသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ယနေ့အထိ ဆေးရုံများမှဆင်းသွားသူပေါင်း ၃၄၇၁၅၃၆၁ ဦး ရှိသည်။
အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၄၈၈ ဦးအထိရှိလာသည်။ ၎င်းတို့အနက် ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီးနောက် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၂၁၆၂ ဦးရှိသည်ဟု ဖက်ဒရယ်ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို