ဇန်နဝါရီ ၂၅
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၅၈၇၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၃၉၇၉၉၂၀၂ ဦး အထိ မြင့်တက်လာသည်ဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏နောက်ဆုံးထုတ်ပြန်သည့်အချက်အလက်အရ သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သုံးသိန်းကျော်ရှိခဲ့သည်မှာ ငါးရက်ဆက်တိုက်ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ကူးစက်ခံရသူဦးရေလျော့ကျခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။ အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၆၁၄ ဦးသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၉၀၄၆၂ ဦး ရှိလာသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံများမှဆင်းခွင့်ရရှိသူ ၂၆၇၇၅၃ ဦးရှိသဖြင့် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၃၇၀၇၁၈၉၈ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို