နိုဝင်ဘာ ၂
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်ဆက်စပ်ပြီး သေဆုံးသူ ၁၃၇၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၅၃၀၄၅၂ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၁၁၉၀ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၄၄၆၅၅၈၂၈ဦး ရှိလာကြောင်း ယနေ့မနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၆၂၄၃ ဦးရှိသည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ယနေ့အထိ ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၁၀၉၁၃၃ ဦး ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို