မတ် ၆
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ယမန်နေ့ညပိုင်းက Sukhoi Su-30 MKI တိုက်လေယာဉ် ပျက်ကျမှုကြောင့် အိန္ဒိယလေတပ် (IAF) မှ လေယာဉ်မှူး နှစ်ဦး သေဆုံးကြောင်း ယနေ့တွင် အိန္ဒိယလေတပ်ကအတည်ပြုခဲ့သည်။
အဆိုပါနှစ်ယောက်စီးတိုက်လေယာဉ်သည် အာသံပြည်နယ် Karbi Anglong ခရိုင်တွင် လေ့ကျင့်ရေးမစ်ရှင်တစ်ခုတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
ထိုလေယာဉ်သည် အာသံပြည်နယ်၊ Jorhat လေတပ်စခန်းမှ ယမန်နေ့ညနေပိုင်းကထွက်ခွာခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


