နယူးဒေလီ ဩဂုတ် ၁

အိန္ဒိယနိုင်ငံအနောက်ပိုင်း၌ ဝန်ချီစက်တစ်ခုပြိုလဲမှုကြောင့် ၁၇ဦးထက်မနည်း သေဆုံးမှုဖြစ်ပွား ကြောင်းသိရသည်။ ကယ်ဆယ် ရေးလုပ်သားများသည် ဝန်ချီစက် ပြိုလဲမှုကြောင့် ပိတ်မိနေသော အခြားသူများကိုရှာဖွေကယ်ဆယ် ရေးများ လုပ်ဆောင်လျက်ရှိသည်။ မွမ်ဘိုင်းမြို့မှ ၅၀ ကီလိုမီတာ ခန့်အကွာ မဟာရာရှိထရာ ပြည်နယ်ရှိ အဝေးပြေးလမ်း တစ်ခုပေါ်တွင် ဇူလိုင် ၃၁ ရက် က အဆိုပါ မတော်တဆမှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်

ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ များကို နီးစပ်ရာဆေးရုံသို့ပို့ဆောင် ပေးခဲ့ကြောင်းနှင့် အခြားအများ အပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ပြည်နယ် အာဏာပိုင်များအနေဖြင့် ထိုမတော်တဆမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီးရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အသေးစိတ်စုံစမ်းစစ်ဆေးမှုကို စတင်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင် ဒရာမိုဒီက အဆိုပါဖြစ်ရပ်အတွက်ဝမ်းနည်းကြောင်း ပြောကြားကာကူညီပံ့ပိုး မှုများလုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြား လိုက်သည်။

အင်န်အိတ်ချ်ကေ