ဩဂုတ် ၁၅

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ယနေ့အစောပိုင်းက ဘုရားဖူးခရီးသွားများလိုက်ပါလာသော ဘတ်စ်ကားတစ်စီးသည် လမ်းဘေးရပ်ထားသော ထရပ်ကားတစ်စီးအား  ဝင်တိုက်မိသဖြင့်  အမျိုးသမီးနှစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး အခြား ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနက် ငါးဦးသည် အခြေအနေစိုးရိမ်ရကြောင်းနှင့် ထိခိုက်ဒဏ်ရာရသေဆုံးသူအားလုံးသည် အိမ်နီးချင်းဘီဟာပြည်နယ်မှ ဘုရားဖူးလာရောက်ကြသူများဖြစ်ကြောင်း ဖော်ပြထားသည်။ ဒဏ်ရာရရှိသူအားလုံးကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို