အိန္ဒိယနိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၄၁၉၈ ဦးရှိလာ

စက်တင်ဘာ ၂၈

 

အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး မန်ဆုခ်မန်ဒါဗီရာက  သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု တားဆီးကာကွယ်ရေးနှင့် စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ယမန်နေ့ကအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

 

အဆိုပါအစည်းအဝေးတွင် နိုင်ငံတစ်ဝန်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေကို မန်ဒါဗီရာက ရှင်းလင်းပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၄၁၉၈ ဦးရှိလာပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၉၁ ဦးရှိလာကြောင်း ဖော်ပြထားသည်။

 

အစိုးရက ကျန်းမာရေးဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးပြီး ပြန်ကြားရေး၊ ပညာရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သောနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၃၃၂၅၁ ဦးရှိပြီး ယင်းရောဂါဖြင့်ဆက်စပ်သေဆုံးသူ ၃၀၃ ဦးရှိကြောင်း ဖော်ပြထားသည်။ 

 

ခြင်မှကူးစက်သောဗိုင်းရပ်စ်ရောဂါသည် ဖျားနာခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းနှင့် အတွင်းပိုင်းသွေးထွက်ခြင်း သို့မဟုတ် သွေးပေါင်ချိန်အလွန်အမင်းကျခြင်းတို့ကို ဖြစ်စေသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို