ဇန်နဝါရီ ၆
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် ၂၀၂၂ ခုနှစ်အတွင်း သေွးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၄၄၆၉ ဦးရှိပြီး ထိုရောဂါနှင့်ဆက်စပ်သေဆုံးသူ ကိုးဦးရှိကြောင်း ဒေလီမြို့တော်အုပ်ချုပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ယမန်နေ့က ဖော်ပြထားသည်။
ကိန်းဂဏန်းဖော်ပြချက်အရ ဒေလီမြို့တော်တွင် အောက်တိုဘာလက သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုအရေအတွက်အမြင့်မားဆုံးဖြစ်ပြီး ကူးစက်ဖြစ်ပွားသူဦးရေ ၁၂၃၈ ရှိကြောင်းနှင့် နိုဝင်ဘာလက ကူးစက်မှု ၁၄၂၀ ရှိကြောင်း သိရသည်။ ဒီဇင်ဘာလက ကူးစက်မှု ၈၇၄ ရှိသည်ဟု အချက်အလက်တွင် ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်သောရောဂါဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း ဒေသအားလုံးတွင် လျှင်မြန်စွာကူးစက်ဖြစ်ပွားခဲ့သည်။ ထိုရောဂါသည် ခြင်မများမှတဆင့်ကူးစက်ခြင်းဖြစ်သည်ဟု သိရသည်။
မြို့တော်ဒေလီတွင် ၂၀၂၁ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ၉၆၁၃ ရှိပြီး ထိုရောဂါနှင့် ဆက်စပ်သေဆုံးသူ ၂၃ ဦးရှိသည်ဟု မြို့တော်အုပ်ချုပ်ရေးအဖွဲ့၏ပြောကြားချက်အရ သိရသည်။
ဇူလိုင်နှင့် နိုဝင်ဘာလတို့ကြားကာလတွင် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါကဲ့သို့သော ရောဂါကူးစက်မှုများဖြစ်ပွားလေ့ရှိပြီး တစ်ခါတစ်ရံတွင် ဒီဇင်ဘာလအလယ်ပိုင်းအထိ ကူးစက်မှုကြာမြင့် တတ်ကြောင်း ကျန်းမာရေးဆိုင်ရာပညာရှင်များက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို