အိန္ဒိယနိုင်ငံရဲ့ တချို့ဒေသတွေကို အသွားအလာ ကန့်သတ်ပိတ်ပင်မှု ပြန်လည် ပြဌာန်းမယ်

၁၆ ဇွန်

 

အိန္ဒိယနိုင်ငံရဲ့ လူပေါင်း ၁၅ သန်း နေထိုင်တဲ့ ချန်နိုင်းနဲ့ အိမ်နီးချင်း ဒေသတွေမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပြားလာတဲ့အတွက် အသွားအလာ ကန့်သတ်မှု (lockdown) ကို လာမယ့် သောကြာနေ့ ကစပြီး ပြန်လည်ပြဌာန်းသွားမယ်လို့ တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

 

လူဦးရေ ၁ ဒသမ ၃ ဘီလီယံ နေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ စီးပွားရေးပြန်လည် လည်ပတ်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြဌာန်းခဲ့တဲ့ အသွားအလာ ကန့်သတ်မှုကို တဖြည်းဖြည်းခြင်း ဖယ်ရှားပေးခဲ့ပါတယ်။

 

ဒါပေမယ့် တမီးနာဒူးပြည်နယ်မြို့တော် ချန်နိုင်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပြားနေတဲ့အတွက် ချန်နိုင်း၊ သီရူဗဲလာ၊ ချန်ဂလာပတ် နဲ့ ကန်ချီပူရန် ဒေသတွေ ဇွန် ၁၉ ရက်နေ့က ဇွန်လကုန်အထိ အသွားအလာ ကန့်သတ်ပိတ်ဆို့မယ်လို့ တမီးနာဒူးပြည်နယ် အစိုးရက တနင်္လာနေ့က တွစ်တာကနေ တစ်ဆင့် ကြေညာလိုက်ပါတယ်။

 

တောင်ပိုင်းပြည်နယ်မှာ ဗိုင်းရပ်စပ်ပိုး ကူးစက်ခံရသူပေါင်း ၄၄,၀၀၀ ရှိပြီး သေဆုံးသူ ၁,၃၀၀ ရှိကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

အသွားအလာ ကန့်သတ်ပိတ်ဆို့နေစဉ်မှာ အရေးကြီးတဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို မနက်အစောပိုင်းကနေ  မွန်းလွဲ ၂ နာရီ အထိသာ ရောင်းချခွင့် ပေးသွားဖြစ်ပြီး တနင်္ဂနွေနေ့တွေမှာ အထူးတင်းကျပ်မယ်လို့ သိရပါတယ်။

 

MDN

ကိုးကား- AFP