နယူးဒေလီ နိုဝင်ဘာ ၁
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒါရာပရာဒေ့ရှ်ပြည်နယ်ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ယနေ့ လူအုပ်ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။
ဟိန္ဒူဘာသာ၏ Ekadashi နေ့ထူးနေ့မြတ်တွင် ဆရီကာကူ လမ်ခရိုင်ရှိ ဗန်ကာတီဝါရာဆွမ်မီဘုရားကျောင်း၌ လူအုပ်ပြိုကျမှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိသည့် ဘုရားဖူးများကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ခန့်မှန်းထားသည့်အရေအတွက်ထက် ပိုမိုလာရောက်ခဲ့ခြင်းနှင့် ကြိုတင်စီမံခန့်ခွဲမှုများ ထိရောက်စွာ စီမံနိုင်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ လူအုပ်ပြိုကျခြင်းဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။ သေဆုံးသူအရေအတွက် ပိုမိုများပြားလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


