နေပြည်တော် ဩဂုတ် ၅

 

အိန္ဒိယနိုင်ငံသံရုံးနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်း (IWAY)နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် မြန်မာပြည်သူများအတွက် ဆေးဝါး နှင့် ဆေးပစ္စည်းများအား လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လှူဒါန်းမှုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် Oximeters ၂၆၀၊ N 95 mask (မျက်နှာနှင့် နှာခေါင်းစည်း) ၂၆၀၀၊ surgical masks ၁၉၅၀၀၊ PPE ၁၃၀၀ ၊ ပါရာစီတမောဆေးပြား ၁၂၇၅၀၀၊ ဗီတာမင်စီဆေးပြား ၆၅၀၀၀၊ ဇင့်ဆေးပြား ၃၉၀၀၀ နှင့် ဗီတာမင်အားဆေးပြား ၆၅၀၀၀တို့ပါဝင်သည်။ ယင်းဆေးဝါးများနှင့်ဆေးပစ္စည်းများကို ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာပေါင်း ၁၃၀ ခန့်အားဒေသခံ အဖွဲ့အစည်းများမှတစ်ဆင့် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ ။

 

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်း၏ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၏ ဇနီးဖြစ်သူ Mrs. Smriti Srivastav နှင့် ဘုတ်အဖွဲ့ဝင်များသည် အဆိုပါ လှူဒါန်းသည့် ပစ္စည်းများကို ဒေသခံအဖွဲ့များမှတစ်ဆင့် လှူဒါန်း ပေးနိုင်ရန် အိန္ဒိယဂေဟာတွင် လွှဲပြောင်းပေးအပ် ခဲ့သည်။

 

မြန်မာ့အလင်း