အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံး အပြင်မထွက်ရန် ဝန်ကြီးချုပ် ပြောကြား

၂၅ မတ်

 

အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံး ရက်ပေါင်း ၂၁ ရက် အပြင်မထွက်ရန် ဝန်ကြီးချုပ် မိုဒီက အင်္ဂါနေ့က ပြောကြားလိုက်စဉ် အုံးအုံးကျွတ်ကျွတ် ဈေးဝယ်သူတွေ ထွက်လာတာကို တွေ့ရပါတယ်။

 

ဝန်ကြီးချုပ်မိုဒီက ဗုဒ္ဓဟူးနေ့ ဝ၀:ဝ၁ နာရီကနေ စပြီး တစ်နိုင်ငံလုံး အိမ်တွင်းမှာပဲ နေရမယ်။ အားလုံးပိတ်ရမယ်လို့ ရုပ်မြင်သံကြားကနေ အင်္ဂါနေ့က မိန့်ခွန်းပြောကြားပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်COVID 19 ကူးစက်ခံရသူအရေအတွက်ဟာ အခုရက်ပိုင်းအတွင်းမှာ အလျင်အမြန် တိုးလာရာ ၅၁၉ဦး အထိရှိလာပြီး သေဆုံးသူဟာလည်း ၁၀ ဦးအထိ ရှိသွားဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံမှာ ကာဖျူးအမိန့်ရှိနေတဲ့အတွက် စီးပွားရေးမှာ ဆုံးရှုံးမှုတွေ ဖြစ်မယ် ဒါပေမယ့် မိသားစုဝင်တွေကို ကယ်လိုက်နိုင်မယ်။ လူတိုင်းမှာတာဝန်ရှိတယ်။ ၂၁ ရက် မပိတ်လိုက်ရင် နိုင်ငံနဲ့ နိုင်ငံသားတွေအားလုံး ၂၁ နှစ်စာ နောက်ကျသွားမယ်။ အခုပြောနေတာက ဝန်ကြီးချုပ်အနေနဲ့ ပြောနေတာ မဟုတ်ဘဲ မိသားစုဝင် တစ်ဦးအနေနဲ့ ပြောနေတာ ဖြစ်တယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

 

အမိန့်ကို မလိုက်နာသူတွေဟာ ထောင်ဒဏ် နှစ်နှစ်နဲ့ ဒဏ်ငွေ ပေးဆောင်ရမယ်လို့ သိရပါတယ်။

 

သယ်ယူပို့ဆောင်ရေးယာဉ်တွေဖြစ်တဲ့ လေယာဉ်၊ မီးရထား၊ ဘတ်စ် တွေပါ သွားလာခွင့်မရှိတော့ဘူးလို့ သိရပါတယ်။ နာရေးတွင် အများဆုံး လူ ၂၀ ဦး သာ တက်ရောက်ခွင့်ရှိပြီး တခြားသော စုဝေးခြင်းတွေဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာ၊ ဘာသာရေးဆိုင်၊ လူမှုရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ ဖျော်ဖြေရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ စုဝေးခြင်းကို ပိတ်ပင်ထားပါတယ်။

 

ဝန်ကြီးချုပ်မိန့်ခွန်းအပြီး မိနစ်ပိုင်းအတွင်းမှာ လူတွေက အစားသောက်ကုန် ပစ္စည်းဆိုင်တွေနဲ့ ဆေးဆိုင်တွေမှာ လူတန်းရှည်ကြီးနဲ့ ဈေးဝယ်နေကြတာကိုတွေ့ရပါတယ်။ ဝန်ကြီးချုပ်ကတော့ ဆောက်တည်ရာမရတာမျိုး မလုပ်ပါနဲ့၊ လိုအပ်တဲ့ ပစ္စည်းတွေ။ ဆေးဝါးတွေကရနိုင်မယ်။ ပြည်နယ်အစိုးရတွေက အနီးကပ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တွစ်တာကနေ တစ်ဆင့် ပြောပါတယ်။

 

MDN

ကိုးကား -AFP