နယူးဒေလီ ဇန်နဝါရီ ၆
အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ဗိုင်းရပ်စ် Human Metapneu-movirus (HMPV) ဖြစ်ပွားသူနှစ်ဦး စစ်ဆေးတွေ့ရှိကြောင်း ဇန်နဝါရီ ၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ရောဂါဖြစ်ပွားသူနှစ်ဦးအနက် တစ်ဦးမှာ သုံးလအရွယ်အမျိုးသမီး ကလေးငယ်ဖြစ်ပြီး တစ်ဦးမှာ ရှစ်လအရွယ် အမျိုးသားကလေးငယ်ဖြစ်ကြောင်း၊ ကူးစက်မြန်ရောဂါဖြစ်ပွားသူနှစ်ဦးစလုံးကို ပြည်နယ်၏ မြို့တော်ဘန်ဂါလူရူမြို့ရှိ ဘတ်တစ်ဆေးရုံ၌ တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အမျိုးသမီးကလေးငယ်သည် ဆေးရုံမှဆင်းခွင့်ရရှိသွားပြီဖြစ်ပြီး အမျိုးသားကလေးငယ်မှာ ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ HMPV ဗိုင်းရပ်စ်သည် အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ကြောင်းနှင့် HMPV နှင့် ဆက်နွှယ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းမှုများကို နိုင်ငံအသီးသီး၌ အစီရင်ခံဖော်ပြထားကြောင်း သိရသည်။
ဆင်ဟွာ