ဇန်နဝါရီ ၈
အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်တွင် ယမန်နေ့က ဆောက်လုပ်ဆဲအဆောက်အဦတစ်လုံး၏ တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး အခြားကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။
အဆိုပါအဆောက်အဦပြိုကျမှုသည် ယင်းပြည်နယ်ရှိ ဆန်ဂရတ်ဒီခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တည်ဆောက်ဆဲဘုရားကျောင်းအဆောက်အဦ ပြိုကျမှုကြောင့် အလုပ်သမားတစ်ဦး သေဆုံးခဲ့သည်ဟု မီဒီယာ၏ဖော်ပြချက်အရသိရသည်။ ထိုအဆောက်အဦ၏ကွန်ကရိအမိုးပေါ်တွင် အလုပ်သမားများအနားယူနေစဉ် အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆောက်အဦပြိုကျမှုကြောင့် ဒဏ်ရာရရှိသူအလုပ်သမားများကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို