ဩဂုတ် ၂၆

 

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနတ်ကာပြည်နယ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် အမျိုးသမီးလေးဦးနှင့် ကလေးနှစ်ဦးအပါအဝင် လူကိုးဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ထရပ်ကားတစ်စီးသည် မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော အခြားယာဉ်တစ်စီးကို ဝင်တိုက်မိရာမှ ထိုထရပ်ကားပေါ်ပါသူများ ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါမတော်တဆမှုသည် ကာနတ်ကာပြည်နယ် တူမာ့ခ်ယူခရိုင် ကယ်လမ်ဘီလာဒေသအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ယင်းမတော်တဆဖြစ်ပွားမှုမှ ဒဏ်ရာရသူများကို ဒေသန္တရဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။

 

ဒဏ်ရာရသေဆုံးသူအားလုံးသည် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြပြီး ထိုပြည်နယ်ရှိရီချာခရိုင်တွင် နေထိုင်သူများဖြစ်ကာ အလုပ်အကိုင်ရှာဖွေရန် ဘန်ဂါယူမြို့တော်သို့ ရွှေ့ပြောင်းလာသူများဖြစ်သည်။

 

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ထိုမတော်တဆမှုတွင်သေဆုံးသူများအတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်းနှင့် သေဆုံးသူများအတွက် နစ်နာကြေးပေးအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို