၃၀ ဇူလိုင်

အိန္ဒိယနိုင်ငံမှာ ယမန်နေ့က ထုတ်ပြန်တဲ့ ကျားကောင်ရေစာရင်းအရ လွန်ခဲ့တဲ့ ၄ နှစ်ကထက် ကျားရိုင်းအကောင်ရေ ၃၀ ရာခိုင်နှုန်းတိုးပွားလာကြောင်းသိရပြီး မျိုးတုန်းမှာကို စိုးရိမ်နေရတဲ့ မျိုးစိတ်အတွက် ရှင်သန်ရေးမျှော်လင့်ချက် မြင့်တက်လာကြောင်း သိရသည်။

 

mdn

 

လွန်ခဲ့တဲ့ လေးနှစ်က အိန္ဒိယတစ်နိုင်ငံလုံးမှာ ကျားကောင်ရေ ၂,၂၂၆ ကောင်ရှိရာမှ လက်ရှိစာရင်းအရ ၂,၉၆၇ ကောင်အထိ တိုးပွားလာတာဟာ သမိုင်းတွင်တဲ့ အောင်မြင်မှုဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၅ နှစ်တာကာလမှာ ကျားကောင်ရေ ကျဆင်းခဲ့ရာ ပြန်လည်ထိန်းသိမ်းဖို့ လုပ်ဆောင်ရာတွင် စိန်ခေါ်မှုတွေ ရှိခဲ့ပေမယ့် အခုတော့ ပန်းတိုင်ကို ရောက်ခဲ့ပြီဖြစ်ကြောင်း၊ ကျားတွေကို ဆက်လက် ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောဆိုပါတယ်။

ကျားတွေကို စာရင်းကောက်နိုင်ရန် ကင်မရာပေါင်း ၂၆,ဝ၀ဝ တပ်ပြီး ၁၅ လကြာ လေ့လာခဲ့ရာ ပုံရိပ်ပေါင်း သုံးသိန်းငါးသောင်းလောက်ကနေ ပြသတဲ့ သူတို့ရဲ့ နေထိုင်စာသောက်ပုံတွေကို လေ့လာပြီးမှ ထုတ်ပြန်တာဖြစ်ကြောင်း ပတ်ဝန်ကျင်ရေးရာ ဝန်ကြီး ပါရာကတ် ဂျာဘာဒီကာ က ပြောသည်။ ယခုနှစ်အတွင်းမှာ ကျားကောင်ရေ ၆၀ ကျော် အသတ်ခံခဲ့ရကြောင်း အစိုးရကထုတ်ပြန်ချက်အရ သိရသည်။

 

mdn

 

ပြီးခဲ့သည့် သီတင်းပတ်ကပင် ကျားမတစ်ကောင်ရဲ့ ရန်ပြုမှုကြောင့် လူတစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ အတွက် အဲဒီကျားမကို ရွာသားများက ရိုက်သတ်ခဲ့ကြသည်။ နောက်ထပ်ကျားမတစ်ကောင်နဲ့ ကျားပေါက်နှစ်ကောင် ကိုလည်း ရွာသားတွေက အဆိပ်ခတ်ထားတဲ့ နွားသေတစ်ကောင်နဲ့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံနဲ့ တခြားနိုင်ငံ ၁၂ နိုင်ငံတို့ဟာ ၂၀၂၂ ခုနှစ်မှာ ယခုရှိတဲ့ ကျားကောင်ရေရဲ့ နှစ်ဆဖြစ်ရေးကို သဘောတူလက်မှတ်ရေးထိုးသည်။ ဗြိတိန်နိုင်ငံကနေ လွတ်လပ်ရေးရတဲ့ ၁၉၄၇ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံမှာ ကျားကောင်ရေ ၄၀,ဝ၀ဝ နီးပါးရှိခဲ့သည်။

MDN
ကိုးကား - AFP