အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၅ ဦးရှိလာ

၁ ဧပြီ

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၅ ဦး ရှိကြောင်း အတည်ပြုခဲ့ပြီး ကူးစက်ခံရသူ အရေအတွက် ၁၃၉၇ ဦး ရှိပြီဖြစ်ကြောင်း ဗဟို ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ကူးစက်ခံရသူ ၁၂၄ ဦးမှာ ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပေးခဲ့သည်ဟု ထိုဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါ ဝန်ကြီးဌာန၏ ယခင်ထုတ်ပြန်ချက်များအရ ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက် ၁၂၅၁ ဦး ရှိပြီး သေဆုံးသူ ၃၂ ဦး ရှိကြောင်း သိရသည်။

 

အင်္ဂါနေ့သည် ဗိုင်းရပ်စ်ကူးစက်မှုကပ်ရောဂါကို ထိန်းချုပ်ရန် အစိုးရက နိုင်ငံတစ်ဝန်း ၂၁ ရက် ကြာ အသွား၊ အလာ ပြုလုပ်ခွင့် ပိတ်ပင်ထားသည့် ခုနစ်ရက်မြောက်နေ့ ဖြစ်သည်။

 

နိုင်ငံတစ်ဝန်း လူထုသွားလာမှုကို တားဆီးရန် သတ်မှတ်ချိန်အတွင်းအပြင်မထွက်ရ အမိန့်ကို အာဏာပိုင်များက တင်းကြပ်စွာ ကန့်သတ်ထားသည်။

 

ကင်းလွတ်ခွင့်ရရှိသော မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများမှလွဲ၍ အသွား၊ အလာ ပြုလုပ်ခွင့် ပိတ်ပင် ထားပြီးနောက် လမ်း၊ ရထားလမ်းနှင့် လေကြောင်း ဝန်ဆောင်မှုများ အားလုံး ရပ်ဆိုင်းထားပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို