၂၀ ဩဂုတ်

 

အိန္ဒိယနိုင်ငံတွင် ခန့်မှန်းမှုအရ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၈၃၆၉၂၅ ဦးနှင့် ကြာသပတေးနေ့အတွင်း သေဆုံးသူဉီးရေမှာ ၅၃၈၆၆ ဦးအထိ မြင့်တက်လာကြောင်း အိန္ဒိယနိုင်ငံ ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရသည်။ 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆၉၆၅၂ ဦးနှင့် သေဆုံးသူပေါင်း ၉၇၇ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။ 

 

အိန္ဒိယနိုင်ငံတွင် ၆၈၆၃၉၅ ဦးဖြစ်ပွားခဲ့ပြီးနောက်  လူပေါင်း ၂၀၉၆၆၆၄ ဦးမှာ ဆေးရုံတွင်  ကုသပေးခဲ့ပြီးနောက် အခြေအနေပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရသွားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။ 

 

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ အိန္ဒိယနိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သပ်ပြီး တိုးမြှင့် စမ်းသပ်ခြင်းများကို အာရုံစိုက် လုပ်ဆောင်ခဲ့သည်။ 

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်