အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသဖြင့် သေဆုံးသူ ၄၄၆၃၆၈ ဦးရှိလာ

စက်တင်ဘာ ၂၄

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၃၈၂ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၃၅၉၄၈၀၃ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၁၈ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၄၄၆၃၆၈ ဦး ရှိလာသည်။

ရောဂါကူးစက်ခံရသူဦးရေ ၁၉၆၈၂ ဦး ရှိပြီး သေဆုံးသူ ၁၅၂ ဦးရှိသည့်တောင်ပိုင်း ကီရာလာပြည်နယ်သည် ကူးစက်မှုနှင့်သေဆုံးမှုအများဆုံးဒေသဖြစ်သည်။

လွန်ခဲ့သည့်ရက်ပေါင်း ၁၈၈ ရက်အတွင်း ရောဂါကူးစက်ခံရသူဦးရေမှာ အနည်းဆုံးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံများမှဆင်းခွင့်ရရှိသူ ၃၂၅၄၂ ဦးရှိပြီး ယနေ့အထိ ဆေးကုသမှုခံယူပြီးနောက်ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၃၂၈၄၈၂၇၃ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို