၂၄ ဒီဇင်ဘာ

 

 

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် လူနာသစ် ၂၄၇၁၂ ဉီးရှိခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၁၀၁၂၃၇၇၈ ဉီးသို့  ရောက်ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

 

နိုင်ငံအတွင်း၌ ဆေးရုံမှဆင်းခွင့်ရသူ ၉၆၉၃၁၇၃ ဉီး ရှိခဲ့ပြီး ၂၈၃၈၄၉ ဉီးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်။

 

 

ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုပေါင်း အကြိမ်ပေါင်း သန်း ၁၆၀ ပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံ တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါစမ်းသပ်သည့် စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ပေးခဲ့သည်။

 

 

ဒေလီမြို့တော်က အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အများဆုံးနေရာဖြစ်သည်။

 

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၀၃၄၇ ဉီးရှိကြောင်း ဒေလီမြို့တော် ကျန်းမာရေးဌာနက အတည်ပြုခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

mdn